ဖရူဆို စက်တင်ဘာ ၂၂
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပုတ်ပြတ်ဝန်ထမ်းများအား မြို့နယ်ဦးစီးမှူးမှ ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်နေ့က အခြေခံ စားသောက်ကုန်များ နှင့် ရောဂါကာကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူစင်သန့် နှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း(CERP) အစီအစဉ်အရ (Cash for Work) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ခန့်အပ်ထားသော ပုတ်ပြတ်ဝန်ထမ်း (၆)ဦးနှင့် ရုံးဝန်ထမ်းများ အားလုံးအတွက် စားဝတ်နေရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော နှာခေါင်းစည်း (Mask)၊ ရေမလိုလက်သန့်ဆေးရည်နှင့် Face Shield များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)