မြိုင် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးဌာန မြို့နယ် ဦးစီးမှူး ဦးစိန်မောင်က မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်က ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါထောက်ပံငွေကို ဩဂုတ်လ ၂၈ ရက်နေ့ က မြို့နယ်အတွင်းဆောင်ရွက်မည့် မျိုးစေ့ထုတ် ဧက (၂၅၅)ဧက အတွက် ပထမအကြိမ်ထုတ်ပေးခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင်တစ်ဧကလျှင် မျိုးခွဲပယ် စရိတ်(၅၅၀၀၀)ကျပ် နှင့် မျိုးသန့်စင်ခ(၁၀၀၀၀)ကျပ်တို့ကို ဒုတိယအကြိမ်အဖြစ်ထုတ်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်က ထောက်ပံ့ငွေများ ပေးအပ်ခြင်းများအပြင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်းမိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများတွင် အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကြီး(မြိုင်)