ပင်လောင်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အချိန်ကာလအတွင်း နေရပ်ပြန်ပြည်သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန်ဖွင့်လှစ်ထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အထက(၁)ကျောင်းတွင် မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ပေးကြောင်း သိရသည်။