တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်း ဆက်လက် ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖြန်းခြင်းလုပ်ငန်းများ ကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက် တို့တွင် ဆက်လက်ကွင်းဆင်းဆောင်သည်။

ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာတွင် တောင်သူများအား စူပါဘိုကာရှီ မြေဆွေးပြုလုပ် သုံးစွဲနည်း လက်တွေ့ပြသ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ယမန်နေ့က စူပါဘို ကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး ရေးပညာရှင် ဝန်ထမ်းများက တောင်သူများအား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် ယ‌မန်နေ့မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် ပထမအကြိမ်အဖြစ် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲ နမူနာ ရယူခြင်းများဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက် ထားသော Community Based Facility Quarantine Centre တွင် Quarantine နေထိုင် နေရသူများ၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ် Swab များမှ ဓာတ်ခွဲနမူနာ ရယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ Mobile Swab Van မှ လာရောက်ဆောင်ရွက် ခဲ့ကြသည်။

ဗန်းမောက်မြို့၌ သန့်ရှင်းသာယာလှပစေရေးနှင့် စနစ်တကျ အမှိုက်များ စွန့်ပစ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့တွင်း သန့်ရှင်း သာယာလှပစေရေးနှင့် စနစ်တကျအမှိုက်များစွန့်ပစ်နိုင်ရေး လုပ်ငန်းများကို လုပ်သားအင်အား၊ စက်ယန္တရား အင်အားဖြင့် ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက် များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး သန်လျင်၌ လိုက်လံကြေညာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Stay at Home အမိန့်ညွန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြန်ကြားရေး မော်တော်ယာဉ်ဖြင့် လိုက်လံကြေညာပေးလျက် ရှိသည်။

အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီမှ စတင်ပြီး အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

မိုးနဲမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၈၅၀)စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ်ထောက်ပံ့ သောငွေများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများသို့ ယနေ့နံနက် ၈ နာရီ အချိန်က တာဝန်ရှိ သူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်းသိရသည်။

မအူပင်ခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ်(၈)ရပ်ကွက် လောကနတ်တည်းခို့ရိပ်သာ ပြုံးရောင်ခြယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to