ငဖဲ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်းကျေး လက် နေပြည်သူများရာသီမရွေးသွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ကျေးရွာ ချင်းဆက်လမ်းများ နှင့် Box Culvert များကိုတည်ဆောက်ပေးလျက်ရှိရာ ပန်းတိမ်း-စစ်တောကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကျောက်ကြီး Box Culvert (၂)စင်းတည်ဆောက်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ ယနေ့မှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်ကြီး Box Culvert (၂)စင်း (အလျား ၂၄ပေ၊အနံ ၅ပေ )ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၁၁) သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဩဂုတ်လအတွင်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်လုပ်ငန်းပြီးစီးနေပြီဖြစ်၍ ပန်းတိမ်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးယခင်ကထက် ပိုမိုအဆင်ပြေလျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)