ဟုမ္မလင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၁၄၇၆ ဦးအား ထောက်ပံ့ငွေပေးအပ်

ဟုမ္မလင်း   စက်တင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၁၄၇၆ ဦးအား တစ်ဦးလျင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကို ယနေ့ နံနက်ပိုင်းတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

'' ကိုဗစ်-၁၉ ကာလဆိုတော့ အချို့ကျေးရွာတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ရပ်ကွက် / ကျေးရွာ စာရေး/ အုပ်ချုပ်ရေးမှူး တို့မှတစ်ဆင့် ထောက်ပံ့ပေးတယ်။ မြို့ပေါ် ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများကိုတော့ အိမ်တိုင်ရာ အရောက် သွားရောက် ထောက်ပံ့ပေးပါတယ် '' ဟု လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပင်ရီတာ ကပြောသည်။

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီစဉ်အရ တစ်ကြိမ်တည်း ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။   

ချန်လော ( ဟုမ္မလင်း)