ရွာငံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ယနေ့နံနက်(၁၀)နာရီ က ထောက်ပံ့ငွေများကို အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ထိုသို့သွားရောက်ထောက်ပံ့ရာတွင် ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ က အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၇)ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၃)လ တစ်ကြိမ် ထောက်ပံ့သောတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀/-)တိတိကို (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ)များ အတွက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း၊ ရွာငံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၃၆၂)ဦးရှိရာ ထောက်ပံ့ငွေစုစုပေါင်း (၁၀၈၆၀၀၀၀/-) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်(ပြန်/ဆက်)