ပြင်စလူမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတိတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့သည်။

မိုင်းဖြတ်၌ Facility Quarantine ခံယူနေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား နမူနာရယူစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ခံယူ နေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂နာရီ က နမူနာရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး ထားကြောင်းသိရသည်။

ဟားခါး၌ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ အသုံးပြုမှုနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန် များတွင်အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထား သည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေး ဂိတ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မင်းတပ်မြို့ဝင်/ မြို့ထွက် ဂိတ်များ တွင် ထားရှိဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်များအား နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၄၅၄)တို့ အား တတိယအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့ နယ်အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမ ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှ ယနေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇလွန်မြို့နယ်၌ ဈေးရောင်း ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် အခြားကုန်ပစ္စည်းများ ရောင်းချသော စျေးဆိုင်များ ယာယီပိတ်သိမ်းထားခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိစေရေးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များမှအပ အခြားကုန်ပစ္စည်းများ ရောင်းချသောစျေးဆိုင်များ ယာယီပိတ်သိမ်းထားခြင်း ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် ကုန်ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ တွင် ကုန်စည်ပို့ဆောင်ဖြတ်သန်းကြသော မော်တော်ယာဉ်စီးရေအား ကန့်သတ်လျှော့ချထားသည့်အတွက် မြို့ပေါ်၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်စေရန် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန် က ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးတွင် Mask Campaign ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးတွင် ဈေးသူ/ဈေးသားများနှင့် ဈေးဝယ် ပြည်သူများအား ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကလေးခရိုင်အုပ်ချုပ်ရေးမှူး နှင့်ဝန်ထမ်းများက ယနေ့ နံနက် ၅ နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များအား အသိပညာပေး ဆွေးနွေးကာ Mask များဖြန့်ဝေပေး ခြင်း(Mask Campaign)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ညောင်ရွှေမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်‌ကျေးရွာရှိ ကွင်းအမှတ် (၅)၊ ဦးပိုင်အမှတ် (၁၄/၁)ရှိ တောင်သူဒေါ်အေးစီ၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to