ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းဆုံမီးပွိုင့်များ ဆက်လက်တပ်ဆင်

ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ လူစည်ကားရာ လမ်းဆုံတို့၌ ယမန်နေ့မှစတင်ပြီး မီးပွိုင့်များအား ဆက်လက် တပ်ဆင်ဆောင်ရွက်လျက်ရှိသည်။

စုကလိမြို့တွင် (၅၆) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ရန်အောင်မြင်စေတီနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။

မုဒုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ဒုတိယအကြိမ်ထောက်ပံ့ ငွေပေးအပ် ခြင်းကို ယနေ့ညနေ ၃ နာရီခန့်က တော်ကူးကျေးရွာရှိစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာ၌ ပေးအပ်ခဲ့သည်။

ရေဇွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊လူ ငယ်များပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲ ၂ နာရီအချိန်တွင် စတင်ပြီးအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဘားအံမြို့နယ်၌ မဲရုံပေါင်း ၂၃၀ ရုံဖြင့်ကျင်းပသွားမည်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း၌ မဲရုံပေါင်း ၂၃၀ ရုံဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ကျေးရွာတစ်ရွာရှိကြောင်း ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာ စပါးစိုက်ခင်းဧက ၅၀ အတွင်း ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း သုံးမြို့နယ် အတွက် ငါးသယံဇာတ တိုးပွားရေး ငါးမျိုးပြုန်းတီးမှု မှ ကာကွယ်တားဆီးရေးနှင့် ကျေးလက်နေ ပြည်သူများ

ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း အဝင်ဂိတ် စစ်ဆေးရေးဆောင်ရွက်မှုများကို မြို့နယ် ကိုဗစ်ကော်မတီတာဝန်ရှိသူများ သွားရောက်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက၊ ကျောက်ပန်းတောင်း-မကွေးလမ်း မြို့အဝင် ကောင်းမွန်ဂိတ်အလွန်တွင် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်များကို ယနေ့မွန်းလွဲ (၂) နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆဒုံးမြို့၌ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ် (၂)ရပ်ကွက် ယာယီတိုက်ပွဲရှောင်စခန်းတွင် ယနေ့ နံနက် (၉) နာရီတွင် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွမ်လုံမြို့နယ် မှ Covid-19 ကော်မတီ ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့နှင့် တွေ့ဆုံ ၍ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အဖွဲ့သည် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်ခန့်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကွမ်းလုံမြို့နယ် Covid-19 ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Subscribe to