တွန်းဇံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ပေးအပ်

တွန်းဇံ စက်တင်ဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင်‌ ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်နှင့် တာဝန်ရှိသူများသည် တွန်းဇံမြို့နယ်၊ တုန်းတွောင် ကျေးရွာသို့ သွားရောက်ပြီး ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးလျက်ရှိသည်။

တွန်းဇံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အိမ်ထောင်စုများအတွက် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများထံ လွှဲပြောင်း ပေးအပ်သည်။

တွန်းဇံမြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၉၄၈) အိမ်ထောင် ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)