ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလထောက်ပံ့ငွေပေးအပ်

ရပ်စောက်      စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား (၂၀)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေး ကာလအတွင်း ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန် က သုခကာရီ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ သွားရောက်၍ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သက်ကြီးဘိုးဘွား (၂၀)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၆၀၀၀၀၀) ကျပ်ကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ သုခကာရီဘိုးဘွားရိပ်သာ ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးတို့မှ ပူးပေါင်း၍ ဘိုးဘွားများ၏ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)