မြောက်ဥက္ကလာပ စက်တင်ဘာ ၂၃
ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို Quarantine Centre များတွင် ထားရှိခဲ့ပြီး Quarantine ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အလှူရှင်များက လိုအပ်ချက်များကို လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက ရေသန့်၊ အချိုရည်ဗူးများ နှင့် ပြန်လည်လျှော်ဖွတ်နိုင်သည့် အဝတ်နှာခေါင်းစည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Sampar Oo Company Limitedမှ တာဝန်ရှိသူတစ်ဦးက ငွေကျပ်(၁၂၉၀၀၀၀)တန်ဖိုးရှိ ရေသန့်၊ အချိုရည်ဗူးများနှင့် ကိုစောဇေယျမင်း မိသားစုက ပြန်လည်လျော်ဖွတ်နိုင်သည့် အဝတ်နှာခေါင်းစည်း (၁၅၀၀၀) အား လှူဒါန်းရာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (င)ရပ်ကွက် အ.ထ.က(၅)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ အစားအစာ၊ ရေသန့်၊ ဆေးဝါးပစ္စည်းများ၊ မနက်စာ၊ နေ့လယ်စာ၊ ညနေစာများကို လှူဒါန်းလိုပါက ဆက်သွယ်ရန်ဖုန်း ၀၉-၇၉၇၇၂၂၆၂၀၊ ၀၉-၆၇၅၄၅၈၄၀၅သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)