မိုင်းစံမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအားတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

မိုင်းစံ   စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းစံမြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား နိုင်ငံတော်က တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းများအပေါ် ဆက်လက်ထောက်ပံ့ခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန် က ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၃)ခုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား မိသားစုဝင် ၁၁၈ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် နယ်မြေစခန်းမှူး၊ နယ်မြေမီးသတ်စခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးများမှ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေးပင်စင် ကျပ်(၃၀၀၀၀)စီအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ချို (ပြန်/ဆက်)