မိုးနဲမြို့နယ် ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၅)စုအတွက် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်

ကျိုင်းတောင်း   စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော မိုးနဲမြို့နယ် ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ဝမ်ကတ်ကျေးရွာ၊ နောင်နိမ့်ကျေးရွာ၊ နောင်တောင်းကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်ထောက်ပံ့ငွေများကို ကျိုင်းတောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် အဖွဲ့များတို့မှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် ကျေးရွာတစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးခြင်း၊ မိုးရာသီဖြစ်သည့်အတွက် ကျေးရွာသို့ သွားရာလမ်းခရီး အခက်အခဲများကြောင့် အချိန်(၂)ရက်ယူ၍ သွားရောက်ခဲ့ရကြောင်း  မိုးနဲမြို့နယ် ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ဝမ်ကတ်ကျေးရွာ၊ နောင်နိမ့်ကျေးရွာ၊ နောင်တောင်းကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၅)စုအတွက် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။                     

ကျိုင်းတောင်း(ပြန်/ဆက်)