ပန်းတောင်း စက်တင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်လာသည်နှင့်အမျှ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ဌာနဆိုင်ရာများ ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ ရပ်မိရပ်ဖများ၊ ကြက်ခြေနီအဖွဲ့များ၊ ဓမ္မစကူးလ် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ထုံးဘိုစျေးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ မပါလာသူများကို အခမဲ့ ဖြန့်ဝေတပ်ဆင်
ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)