တံတား စက်တင်ဘာ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီအား ယနေ့ နံနက်ပိုင်းမှ စတင်၍ တံတားမြို့ပေါ် ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် တံတားမြို့ပေါ်ရပ်ကွက်များရှိ မသန်းစွမ်းသူ (၂၉)ဦးအား ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (တံတား)