ပြင်ဦးလွင်၊ စက်တင်ဘာ ၂၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာစာရင်းတွင်ပါဝင်သော Case-2022 လူနာသည် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် သတ်မှတ်ရက်ပြည့်ပြီးဖြစ်သည့် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုကြောင်း သိရသည်။
လူနာမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားတဲ့ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း၊ နေအိမ်တွင်နေထိုင်စဉ်ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်း ဆက်လက်၍လိုအပ်သည်များကို ကူညီပံပိုးပေးသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
အဆိုပါလူနာသည် ရန်ကုန်မြို့မှ ပြင်ဦးလွင်သို့ပြန်လာသူဖြစ်ပြီး နေအိမ်တွင် Home Quarantine ဝင်ရောက်နေစဉ် အနံ့မရတော့သဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာမှ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီး သီးခြားဆောင်၌ထားရှိကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ကုသမှုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်