တာချီလိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယနေ့နံနက် အစောပိုင်းက မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့တွင်းရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန် စည်ပင်သာယာရေး ဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ နုန်းများ အမှိုက်များကို လျင်မြန်စွာ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရှိရသည်။
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဝမ်ကောင်းရပ်ကွက်တွင်ဖြတ်သန်း စီးဆင်းလျက်ရှိသော နန့်ယွန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ တံတားနှင့်လမ်းမကြီးပေါ်၌ ရေကျော်မှုများနှင့် အမှိုက်များ ပိတ်ဆို့နေမှုကြောင့် ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များ ဆည်ယူရှင်းလင်း ခြင်းတို့ကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။
ဆက်လက်၍ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် အခြားမြေနိမ့်ရာဒေသများတွင် ရေဝင်ခြင်း မရှိစေရန် ရေနုတ်မြောင်း များတွင် နုံးများအမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)