လှိုင် စက်တင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက် လှိုင်တက္ကသိုလ် မေခဆောင်တွင် ထပ်မံဖွင့်လှစ်ဆောင်ရွက် မည့် Hlaing Quarantine Center (3) တွင် အသုံးပြုရန်လိုအပ်သော ပစ္စည်းများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယမန်နေ့ နေ့လယ်က လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုကဲ့သို့ လှူဒါန်းခဲ့ကြရာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဂွမ်းကပ်၊ မြက်ဖျာ၊ သွားတိုက်ဆေး၊ ရေချိုး ဆပ်ပြာတုံး၊ သွားတိုက် ဆေး၊ သွားပွတ်တံ စသည့်လိုအပ်သော အသုံးအဆောင်ပစ္စည်းများအား လူ(၁၅၀)ဦးစာအတွက် စုစုပေါင်းကျပ် (၂၀၂၈၇၅၀) တန်ဘိုးရှိပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)