ကောလင်း စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့နှင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများနှင့်အလှူငွေများကို တက်နေဝင်း ရွှေဆိုင်မှ PPE ၂၀စုံနှင့်Surgical Gown ၃၀စုံ၊ ဦးရဲလွင် (ဆိုင်ကယ်ရောင်းဝယ်ရေး)မိသားစုမှ PPE ၁၀ စုံ၊ ဦးစိန်မြင့်+ဒေါ်တွတ်(မီးရထားငြိမ်း)ရှမ်းကုန်းရပ်နှင့် ဦးမျိုးနိုင်+ဒေါ်ဥမ္မာမြင့် မိသားတစု (မိဘဂုဏ်ရောင်ပရိဘောဂ) မန္တလေးမြို့မှ PPE ဝတ်စုံ (၁၅) စုံ Mask (၂၅၀)ခု၊ ဦးစောမောင်+ဒေါ်ခင်မြနွဲ့ သမီး ဦးကျော်ကျော်ဇင်+ဒေါ်နေမင်းမင်းသော်စော သားမောင်သော်ထူးအံ့ မိသားစုမှ ၃၀၀၀၀၀ကျပ်၊ ဦးရွှေမိုး+ဒေါ်မြင့်မြင့်သန်း (ရွှေကံ့ကော်မုန့်လုပ်ငန်း) မိသားစုမှ ၁၁၅၀၀၀ကျပ် ၊ ဦးတင်အောင်+ဒေါ်မြင့်မြင့်ဌေး (ရွှေကျီးသာ အဆင့်မြင့်ရွှေဆိုင်) မိသားစုမှ၁၀၀၀၀၀ကျပ်၊ဦးဗဟာဒူး+ဒေါ်ခင်သန်းဦး သားမောင်ရာဇာထွန်း မိသားစုမှ ၃သောင်းကျပ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါလာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာ ဇင်ဇင်၊ မြို့နယ်အထောက်အကူပြု ကော်မတီ ဦးစန်းအောင်နှင့် အဖွဲ့တို့ကလက်ခံရယူပြီး အလှူရှင်များမှ လှူဒါန်းသော အထောက်အကူပြု ပစ္စည်းများအား ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်လက်ဖြန့်ဝေ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြင့်ထွန်းမင်း(ကောလင်း)