ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ရခိုင်ပြည်နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းများ အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးပို့လှူဒါန်း

ရန်ကုန်  စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ အလှူငွေနှင့် ပစ္စည်းများကို စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များဖြင့် ရခိုင်ပြည်နယ်အစိုးရထံသို့  ပေးပို့လှူဒါန်းမည် ဖြစ်ကြောင်း  သိရသည်။

မော်တော်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်းရာတွင် ငွေသားကျပ် (၇,၉၃၄,၀၀၀) နှင့် ငွေကျပ် (၆၃,၄၈၆,၅၀၀)တန်ဖိုးရှိ လှူဒါန်းပစ္စည်းများမှ  PPE ဝတ်စုံ ၂၉၃၀ စုံ ၊ Mask  ၁၃,၁၆,၇၀ ခု ၊ မျက်မှန် ၂၂၆၄ ခု ၊ လက်သန့်ဆေးရည် ၂၃၅၄၆ ဘူး ၊ ခြေနင်းဘေစင် ၄ ခု ၊ Calsome ကွေကာ ၃၀၀ ထုတ် ၊ Tea Mix ၆၀၀ ထုတ် ၊ ရာဘာလက်အိတ် ၂၀၄၀၀ စုံ ၊ (Face Shield) ၃၃၂ ခု ၊ Dettol ဆပ်ပြာ ၁၀၀ တုံး ၊ ဆီ 0.9 Liter ၂၇၇၅ ဘူး၊ ပိုးသတ်မီးချောင်း ၆ ချောင်း ၊ လက်ညှစ်အသက်ရူစက် ၄ ခု ၊ ပိုးသတ်ဆေး ၁၂ ဘူး ၊ အရက်ပျံ့ ၁၈ ဘူး ၊ ကလိုရင်း ၁၀၀ အိတ် ၊ ရာဘာဖိနပ်ရှည် ၂၂၀ စုံ ၊ Cap ၄ ဘူး ၊ အဝတ်နှာခေါင်းစည်း ၁၅၅ ခု ၊ Hand Gel ဘူးခွံ ၁၂၀ ဘူး ၊ အသက်ရူ့စက် ၁ လုံး ၊ Alcohol Pad ၃၂၀၀ ခု တို့ဖြစ်ကြပြီး ၎င်းတို့အားမော်တော်ယာဉ်များဖြင့် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာကာ ရခိုင်ပြည်နယ်အမ်းမြို့မှ ပြည်နယ်အစိုးရအဖွဲ့ထံ အရောက်ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)