သုံးခွမြို့၌ Community Based Facility Quarantine ထားရှိရန် ပြင်ဆင်ထား‌သည့် အ.ထ.က(၁)ကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၂၄

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ Community Based Facility Quarantine ထားရှိရန် ပြင်ဆင်ထားသည့် အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များက သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦး၀င်းနိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့၀င်များက အ.ထ.က(၁)ကျောင်း ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်ကိုင်းပင်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သုံးခွမြို့နယ်အတွင်း လိုက်လံအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များက နေ့စဉ်လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်