ထန်တလန် စက်တင်ဘာ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေ(၂၆၃၄၀၀၀၀)ကျပ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘွေခိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလာလ်အောင်မှ အဆိုပါ ရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတု ပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်းမှရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြကျေးရွာ အတွက် ရန်ပုံငွေ(၂၆၃၄၀၀၀၀)ကျပ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘွေခိန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလာလ်အောင်တို့က သီကီရ်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများအား မေးမြန်းဆွေးနွေးခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ ရန်ပုံငွေများကို စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၅)ရာခိုင်နှုန်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် (၄၅)ရာခိုင်နှုန်းနှင့် ဝင်ငွေတိုးပွားရေးအတွက် (၅၀)ရာခိုင်နှုန်းသုံးစွဲရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)