စေတုတ္တရာ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ သတ်မှတ် ရေအမှတ် (၅၂၁)ပေ ရောက်ရှိနေပြီး သတ်မှတ်ထားသော တမံရေအမှတ် (၅၂၀)ပေထက် (၁)ပေ ကျော်လွန်နေ၍ မုန်းတမံအောက်ဘက်တွင်ရှိသော မြို့နယ်အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာနေ ပြည်သူများ သိရှိနိုင်ရန် ကြိုတင်စီမံခန့်ခွဲ့မှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများစိုက်ထူကာ အသိပေးနှိုးဆော် ဆောင်ရွက်ထားကြောင်း သိရ သည်။
ရေပိုလွှဲမှ ရေကျော်မှုများရှိနေသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေ မရှိသေး ကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပြည်သူများသိရှိနိုင်စေရန် အစိမ်းရောင် အလံစိုက်ထူ၍ အသိပေးနှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြည်သူများ သဘာ ဝဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရေလှောင်တမံအခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အသိပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)