ဂန့်ဂေါ စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်များတွင် အသုံးပြုရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)နှင့် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မြို့ပေါ်ဌာနရှိ ထွေ/အုပ် ဝန်ထမ်းများထံ ထောက်ပံ့သည့်ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက မြို့ပေါ်ရှိထွေ/အုပ်ဝန်ထမ်းများအား ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ သည့် PPE ဝတ်စုံ(၂၃)စုံ၊ ဝန်ထမ်းတစ်ဦးလျှင် ပါးစပ်နှင့်နှာခေါင်းစည်း(mask) (၃)ခုနှုန်းဖြင့် ဝန်ထမ်း (၁၀၆)ဦးအတွက် စုစုပေါင်း (mask) (၃၁၈)ခု၊ Hand Sanitizer 4 Litres ပါ(၁)ဗူးနှင့် Hand Sanitizer 500 ML ဗူး(၂)ဗူး၊ ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား၊ ဆား (၁)ပိဿာနှင့် ကြက်ဥ(၁၀) လုံးတို့အား ဝန်ထမ်း(၃၂)ဦးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)