မှော်ဘီမြို့နယ်မြောင်းတကာ စက်မှုဇုံ၌ မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မှော်ဘီမြို့နယ် မြောင်း တကာစက်မှုဇုံ ၊(၂)လမ်း၊အကွက်အမှတ် (၅၉)တွင် ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်ခန့်တွင် Ba An ဆက်သွယ်ရေး မြေအောက်သုံး ကေဘယ်(လ်) ပိုက်များနှင့် သွပ်ရည်စိမ် ထုတ်လုပ်သည့် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ကြောင်းသိရသည်။