လိပ်သို၊ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေး၀န်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ရပ်/ကျေးစာရေးများအနေဖြင့် ရုံးဖွင့်ရက်များတွင်သာမက ရုံးပိတ်ရက်များဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း လုပ်ငန်းလိုအပ်ချက်အရ တာ၀န်များကို ကျေပွန်စွာထမ်းဆောင်ကြသည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စနေနှင့်တနင်္ဂနွေ ရုံးပိတ်ရက်ပေါင်း ၁၉ ရက်အတွက် တစ်ရက်ကို (၄၈၀ဝ) ကျပ်ဖြင့် စုစုပေါင်း (၉၁၂၀ဝ) ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေများ ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၁) အုပ်စုမှ ရပ်/ကျေးစာရေး (၃၇) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀ဝ) ကို ၀န်ထမ်းများအား လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)