မွန်ပြည်နယ်၊ လမိုင်းမြို့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ရှင်စောပုမြို့မ (၁) အဖွဲ့ပိုင်းစျေး ပြုပြင်ဆောင်ရွက်

လမိုင်း     စက်တင်ဘာ   ၂၄

မွန်ပြည်နယ်၊လမိုင်းမြို့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ရှင်စောပု မြို့မ() အဖွဲ့ပိုင်း စျေးပြုပြင်ဆောင်ရွက်နေမှုကို စက်တင်ဘာလ () ရက်နေ့မှစတင်ပြီး ပြုပြင် ဆောင်ရွက် လျက်ရှိရာ ယနေ့ထိ ၉၀ % ပြီးစီးနေပြီးဖြစ်သည်။

ထိုသို့ ပြုပြင်ဆောင်ရွက်ရာတွင် ရှင်စောပုစျေး အမိုး၊ ဒိုင်း၊ မျှားတံလဲလှယ်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေမြောင်း (သံမြောင်းအဖုံးအပါ) ပြုပြင်ဆောင်ရွက်နေမှုကို ခြူးကမ္ဘာမာန် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပြီး ကုန်ကျငွေစုစုပေါင်း (၇၆,၆၀၀,၀၀၀) သိန်းခန့် ကုန်ကျသွားမည်ဖြစ် ကြောင်း လမိုင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

တင်ဇာစိုး (ပြန်/ဆက်)