ပုလော စက်တင်ဘာ ၂၄
ပုလောမြို့ အ.ထ.က(၂)မှ Fitness Dance ကျောင်းသူ၊ကျောင်းသားလေးများအား ပုလောမြို့ ဝေါလ်ဗီးရှင်းမှ အမှတ်တရ အင်္ကျီများကို ယနေ့ နံနက် (၁၁)နာရီက ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ပေးအပ်ခဲ့သည်။
ကိုဗစ်−၁၉ ကာလတွင် ပြည်တွင်း ကူးစက်မှုပိုမိုများပြားလာသည့်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်များကို ခေတ္တပိတ် ထားလျက်ရှိရာ Online အစီအစဉ်အနေဖြင့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိပြီး၊ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက် Page များနှင့် IPRD Palaw Page များတွင် နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေမှု သတင်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးနှင့် အခြား အသိပညာပေးများ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သတင်းများ အပြင် လူထုအခြေပြုဗဟိုဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော Talk Show အသိပညာပေး အစီအစဉ်များ၊ ကလေးစာဖတ်ခန်းမှ ကလေးများ ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်းအပြင် စက္ကူအရုပ်ခေါက်ခြင်း စတဲ့အသိပညာပေး ၀န်ဆောင်မှုများကို Online မှ တဆင့် တင်ဆက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါကာလတွင် အိမ်မှာနေရင်း ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် တင်ဆက်ပေးကြသော ပုလောမြို့ အ.ထ.က(၂) မှ Fitness Dance မှ ကျောင်းသူ၊ ကျောင်းသားလေးများကို ဝေါလ်ဗီရှင်း ၏ လုပ်ငန်းတာ၀န်များထဲမှ ကလေးများ ပါ၀င်ကူညီ ဆောင်ရွက်ခွင့်ကို မြှင့်တင်ပေးခြင်း အစီအစဉ်က အမှတ်တရ ပေးအပ်ခြင်းဖြစ်ကြောင်းကို ဝေါလ်ဗီရှင်း တာ၀န်ခံ မနော်သင်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)