နောင်မွန်မြို့နယ်၌ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်

နောင်မွန် စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) အချိန်ခန့်က မြို့နယ်ထွေအုပ်လမ်းစုံ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း (၅ဝဝ) ခုအခမဲ့ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးဆောင်သည့် ဝန်ထမ်းများအဖွဲ့၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့တို့က လမ်းသွား၊ လမ်းလာ ပြည်သူများကို အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်၊ အတတ်နိုင်ဆုံး လူစုလူဝေးများ ရှောင်ရှားကြရန်နှင့် အသိပညာပေး​​​ပြောကြားပြီး နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရရသည်။

မြနန်း(ပြန်/ဆက်)