မယ်စဲ့မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

မယ်စဲ့ စက်တင်ဘာ ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ရုံးပိတ်ရက်များတွင်  လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက လုပ်ငန်း လိုအပ်ချက်အရ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ရုံးများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့က မယ်စဲ့မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ စာရေး ဝန်ထမ်း (၆)ဦးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဩဂုတ်၁ရက်မှ စက်တင်ဘာ၃၀ ရက် အထိ အစိုးရရုံးပိတ်ရက် ၁၉ ရက်စာ သီးခြားထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် ၄၈၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၄၇၂၀၀ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝတ်ရည် ပြန်/ဆက်