ဘားအံမြို့နယ် နော်ဖါးတိုကျေးရွာတွင် အိမ်တိုင်ရာရောက်ရေမီတာသုံး ရေပေးရေးစနစ် ဖွင့်ပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၊ နော်ဖါးတိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ UNICEF နှင့် ကျေးလက်နေပြည်သူတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော အိမ်တိုင်ရာရောက် ရေမီတာသုံး ရေပေးရေးစနစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။