မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ Stay at Home နေထိုင်ရေး ၊ အပြင်သွားတိုင်း Mask တပ်ဆင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

တွံတေး စက်တင်ဘာ  ၂၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသော အများပြည်သူများအား Stay at Home နေထိုင်ကြရန် ယနေ့နံနက်ပိုင်းကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှု​ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် အသံချဲ့စက်၊ စိတ္တသုခကုသိုလ်ပြု လူမှုကယ်ဆယ်ရေးယာဉ်များဖြင့် လှည့်လည်နှိုးဆော်သည်။

 လှည့်လည်နှိုးဆော်ရာတွင် ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် Stay at Home နေထိုင်ကြရန် ၊ မဖြစ်မနေ ဈေးဝယ်ထွက်ပါက တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း Mask တပ်ဆင်ရန် နှင့်အပြင်ထွတ်လျှင် သတ်မှတ်ထားသော လည်ဆွဲ ကတ်ပြားပါရှိရေး၊ မလိုအပ်ဘဲ အပြင်သို့မထွတ်ကြရန်၊ ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ 

မျိုးလှိုင်(တွံတေး)