အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ကုမ္ပဏီများမှ ငွေကျပ်(၁၅)သိန်း လာရောက် လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ကုမ္ပဏီများမှ ငွေကျပ်(၁၅)သိန်း လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လာရောက် လှူဒါန်း ခဲ့သည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာ များတွင် အသုံးပြုနိုင်စေရန်အတွက် Colour Care Co,Ltdမှ အလှူငွေ(၁၀)သိန်းနှင့် Nexstar Family Co,Ltd မှ အလှူငွေ(၅)သိန်းတို့ကို တာဝန်ရှိသူများက  လာရောက်လှူဒါန်းရာ အင်းစိန် မြို့နယ် Super Sunday လူမှုကူညီရေးအသင်းမှ ဉက္ကဋ္ဌ ကိုသူရိန်ထွန်းက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင် စကားပြန် လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)