ကြံခင်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအတွက် မေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့မှ အခြေခံစားသောက်ကုန် လှုဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ သွားရောက်၍ လှုဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့မှ ကြံခင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အဆင်ပြေစေရန် လှုဒါန်းပေးခြင်း ဖြစ်ကြောင်းနှင့် အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀)အား ဆန်(၈)အိတ်နှင့် ကြက်ဥအလုံး(၆၀၀)အား အလှုဒါနအဖြစ် လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)