ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှု (၈၅) ရာခိုင်နှုန်းပြီးစီး

ရေဇွာ စက်တင်ဘာ ၂၅

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ RC နှစ်ထပ်ကျောင်းသစ်မှာ အလျား-၁၄၀ပေ၊ အနံ-၃၀ပေ အတိုင်းအတာရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က (၂၅.၁.၂၀၂၀)ရက်နေ့မှ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးလျန်ထေထံမှ သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)