ဇမ္ဗူသီရိ စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သတိမူရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညက ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သတိမူရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မင်္ဂလာသိဒ္ဓိရပ်ကွက် အတွင်းရှိ ပြည်သူများနှင့် သပြေကုန်းညဈေး ရောင်းချသူ၊ ရောင်းဝယ်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ နှာခေါင်းစည်း Mask ကို စနစ်တကျ အသုံးပြုရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ နှာချေချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် မီးကိုမပေါ့ဆကြရန်၊ မီးကို စနစ်တကျ သုံးစွဲကြရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သတိမူရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ဇမ္ဗူသီရိမြို့နယ်အတွင်း ကျန်ရှိသော ရပ်ကွက်များသို့လည်း ဆက်လက်အသိပေး နှိုးဆော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)