ချင်းပြည်နယ် မင်းတပ်မြို့သို့ တင်ပို့မည့် စားသောက်ကုန်များ ကျောက်ထုမြို့မှတစ်ဆင့် လွှဲပြောင်း ပေးပို့

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင်းမှ ထွက်ရှိသော စားသောက်ကုန် များနှင့် မန္တလေး၊ ပခုက္ကူမြိုများမှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ပို့ဆောင်သော ကုန်စည်များအား ကျောက်ထု-မင်းတပ်နယ်ခြားဂိတ် (ရေရှင်ကျေးရွာ) တွင် ကျောက်ထုမြို့ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေးကော်မတီအဖွဲ့ဝင်များက စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။

ပင်းတယမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားလုံး စက်တင်ဘာလ ဒုတိယပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ထန်းကုလား ထိုင်ပြုလုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင် ကျေးရွာတွင် ထန်းလက်ဖြင့်ပြုလုပ်ထား သော ထန်းကုလားထိုင်များ ပြုလုပ်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း ထန်းကုလားထိုင် ပြုလုပ်သူ ဦးကျော်ဦးထံမှ သိရသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲစတင်ကျင်းပ

ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှစတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်လံအသိပေးကြေညာ

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များအား ပြည်သူများသိရှိလိုက်နာစေရန် လိုက်လံအသိပေး ကြေညာခြင်းများအား ယမန်နေ့က အမှတ်(၇)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်း ပေးအပ်

ချင်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း(၃)မျိုး လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် Cash For Work အစီအစဉ်အရ ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် CERP အစီအစဉ်အရ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း (၇)ရွာအတွက် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀) နှုန်းဖြင့် သုံးစွဲခွင့်ပြုထားရာ၊ စုစုပေါင်း ကျပ်သိန်း (၇၀၀) ရရှိသည်။

မြန်အောင်မြို့နှင့် အင်ပင်မြို့၌ ဈေးဆိုင်ခန်းများ၊ အိမ်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မြန်အောင်မြို့နှင့် အင်ပင်မြို့တို့၌ ဈေးဆိုင်ခန်းများ၊ အိမ်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း များကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များအား ထောက်ပံ့ငွေများ ထပ်ဆင့်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to