ပန်းတောင်းမြို့နယ် မကြီးထုံးကျောင်း ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စမှ ဆေးရုံနှင့် Quarantine Centre သို့ Mask များ အခမဲ့ ဖြန့်ဝေ

ပန်းတောင်း စက်တင်ဘာ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရန်အတွက် မကြီးထုံးဓမ္မရောင်ကြည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ မှ မြို့နယ်ကြက်ခြေနီအဖွဲ့သို့ နှာခေါင်းစည်း Mask များလာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁ဝ) နာရီက ပန်းတောင်းမြို့နယ်ဆေးရုံနှင့် ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လာရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)