မှော်ဘီမြို့နယ် မြို့မစျေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် နှိုးဆော်ထားခြင်းအား လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

မှော်ဘီ         စက်တင်ဘာ       ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ မြို့မစျေး ကြီးသည် စျေးရောင်း၊ စျေးဝယ်များဖြင့် လူစည်ကားရာ နေရာ ဖြစ်သောကြောင့် စျေးများအတွင်း မလိုအပ်ပဲ လူစုလူဝေး မဖြစ်ပေါ်စေရေး ကိုဗစ်-၁၉ ရောဂါကူးစက် မှုမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် စက်တင်ဘာ ၂၃ ရက်နေ့က မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများသည် စျေးဆိုင်များအား ရောင်းခွင့်ပြုသည့် သတ်မှတ်ချက်မှ အပ အဝတ်အထည် အသုံးအဆောင်များနှင့် ဇိမ်ခံပစ္စည်းများ ရောင်းချသည့် ဆိုင်များအား စက်တင်ဘာ ၂၄ရက်နေ့ မှစ၍ ယာယီပိတ် သိမ်းထားရန် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ထားခြင်းအား လိုက်နာမှု ရှိမရှိကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ် ဖွဲ့နှင့် တာဝန်ရှိသူများက တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်လံစစ်ဆေးကာ အမိန့်ကြေငြာစာအား လိုက်နာ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)