မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးမိတ်  စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ မြို့ဝင်မြို့ထွက်များတွင် စစ်ဆေးရေး ဂိတ်များထားရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် နံနက်   ၉ နာရီ က စတင်၍  အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ခရီးသွားမော်တော်ယာဉ်များ၊ အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ခရီးသွားမော်တော်ယာဉ် များတွင် ခရီးသွားထောက်ခံစာများပါရှိမှသာလျှင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာစေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့်  ကျရောက်လာပါက ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက်  မြို့နယ်ကျန်းမာရေး ဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ အလေးထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 မိုးမိတ်သား(စည်သူဌေး)