လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ရေဥက္ကံကျေးရွာအတွင်း ပဒံကျေးရွာနှင့် အပြင်ပဒံကျေးရွာအုပ်စုများရှိ Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် အလှူရှင်များမှ လှူဒါန်းထားသော စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားများလှယ်ရုံး အဖွဲ့တို့ ပူးပေါင်း၍ လှူဒါန်းပေး ခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ရေဥက္ကံကျေးရွာ၊ အတွင်း ပဒံကျေးရွာနှင့် အပြင်ပဒံကျေးရွာအုပ်စုများရှိ Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ပဲ များကို သွားရောက် လှူဒါန်းကာ ၎င်း Lock down ချထားသော အိမ်ထောင်စုများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိူင်(ပြန်/ဆက်)