ထန်တလန်မြို့၌ မြို့ဝင်မြို့ထွက်နေရာများရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့နယ်စည်ပင်သာယာစျေး ဆောင်ရွက် ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ထန်တလန် စက်တင်ဘာ ၂၅

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီအဖွဲ့ဝင် များသည် ထန်တလန်​မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နေရာ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် မြို့နယ်စည်ပင်သာယာစျေးများအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီတွင် သွားရောက်စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင် ထန်တလန်မြို့နယ် အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၌ လိုက်ပါကြသူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားမှတ်တမ်းများ စစ်ဆေးမေးမြန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီးနောက် မြို့နယ်စည်ပင်သာယာစျေးတွင် စျေးရောင်း ချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်၍ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိမရှိကို လိုက်လံ စစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က စစ်ဆေးတွေ့ရှိချက်များအပေါ် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)