မိုးမောက် စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုမှ အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းမှ ထပ်မံ၍ လမ်းညွှန်အမှာစကားပြောကြားရာ အခြေခံလူတန်းစားများ၏ ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ရောက်ရှိရေး ကြီးကြပ်ပေးရန်တို့ကို ပြောကြားခဲ့သည်။
မိုးမောက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၄၁၃၄) စုနှင့် ဒေါ့ဖုန်းယန်မြို့ အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၄၃၉)စုစုပေါင်း အိမ်ထောင်စု(၆၅၇၃)စုအတွက် တတိယအကြိမ် တစ်အိမ်ထောင်လျှင်ထောက်ပံ့ပေးအပ်ငွေ (၂၀၀၀၀)ကျပ် စုစုပေါင်းကျပ်သိန်း(၁၃၁၄.၆)ကို ရပ်/ကျေးအုပ်ချုပ်ရေးမှူး များနှင့် စာရေးများမှ တစ်ဆင့်စနစ်တကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး