သာယာဝတီ စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သာယာ၀တီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဧရာ၀တီမြစ်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ စက်တင်ဘာ ၂၅ ရက် နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သာယာ၀တီခရိုင်အတွင်းရှိ မိုးညိုမြို့နယ်မှ မိုးသီးနှံပျက်စီးဧက (၈၀) အတွက် သဘာ၀ဘေး ထောက်ပံငွေ (၆၀၁၅၀၀၀)ကျပ်အား မိုးညိုမြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူးက ကြို့ပင်ကောက်မြို့နယ် မိုးသီးနှံပျက်စီးဧက(၁၉၀)အတွက် သဘာ၀ဘေး ထောက်ပံငွေ (၁၉၀၀၀၀၀)ကျပ်အား တာ၀န်ရှိသူများထံပေးအပ်ခဲ့ပြီး မိုးသီးနှံ စုစုပေါင်း(၉၉၂)ဧက အတွက် ထောက်ပံငွေ စုစုပေါင်း (၇၉၁၅၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)