အလုံ စက်တင်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဖ့င့်လှစ်မည့် ဖျားနာကုအခမဲ့ဆေးခန်း( Fever Clinic) ဖွင်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များ အသုံးပြုရန်အတွက် အလှူငွေများကို ယနေ့ နံနက်(၁၁:၀၀)နာရီအချိန်က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့ကြက်ခြေနီတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့်ဇနီးမှ အလှူငွေ ကျပ် ၃၀၀၀၀၀ နှင့် တစ်ဘူးလျှင်အခု ၁၀၀ ပါသော လက်အိတ် (၁၀) ဘူးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ခံ ဒေါက်တာကျော်ကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို(အလုံ)