ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလ ကျေးရွာနေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်များ ပေးဝေ လှူဒါန်း

ပွင့်ဖြူ   စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပန်းတုန်းကြီးကျေးရွာနေ အလှူရှင် ဦးစိန်လင်း+ဒေါ်စန်းနွဲ့ မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာသို့ လာရောက်ပြီး ဆန်များပေးဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးရွာနေပြည်သူများအား ဆန်များ ပေးဝေလှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ်ပန်းတုန်းကြီးကျေးရွာနေ အလှူရှင် ဦးစိန်လင်း+ဒေါ်စန်းနွဲ့ မိသားစုက နန်းတော်ကျွန်းကျေးရွာရှိ အိမ်ထောင်စု (၁၆၂)စု အား အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း ပေးဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ ကိုမိုးနန်းဝေထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )