မြင်းခြံမြို့နယ် ပြားကျေးရွာရှိ ရေတွင်းတူးလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

မြင်းခြံ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပြားကျေးရွာနေ ပြည်သူများ ရေကောင်း ရေသန့်ရရှိရေး အတွက် ရေတွင်းတူလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်ကျေးက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြားကျေးရွာ ရေကောင်းရေသန့်ရရှိရေးအတွက် အကျယ် ၄ လက်မတွင်းအနက် ၁၆၀ ပေ ရေးတွင်းတူဖော်ခြင်း၊ အကျယ် ၂ လက်မ  အရှည် ပေ ၂၀၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်း နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၆.၃၇၀ သန်းဖြင့်လည်းကောင်း ရေဂါလံ (၂၄၀၀) ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေကြီးရန်ပုံငွေ ၉.၃၃၀ သန်းဖြင့် ပြားကျေးရွာနေပြည်သူများ ရေကောင်းရေသန့် သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။

ပြားကျေးရွာ ရေကောင်းရေသန့်ရရှိရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး လုပ်ငန်း များဆောင်ရွက်ပြီးစီးပါက ပြားကျေးရွာနေပြည်သူများကို ရေကောင်း ရေသန့်ကို အဆင်ပြေစွာ သုံးစွဲနိုင်တော့မည်ဖြစ်သည်။

ကျော်စွာ(မြင်းခြံ)