တောင်တွင်းကြီးမြို့မဈေးအတွင်း (Mobile Lab Van) ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး

တောင်တွင်းကြီး စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ရောင်းချနေသော စားသောက် ကုန်များအား ဝယ်ယူစားသုံးနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (Mobile Lab Van) ဖြင့် ဈေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့မဈေးကြီးအတွင်း ရောင်းချလျှက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန် မသင့်ကြေညာထားသော အစားအသောက်များ ရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချနေခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြပြီး ပဲကြော်၊ အချိုရည်၊ ရေခဲမုန့်၊ ချောကလတ်၊ ဆေးမုန့်ပြား၊ မက်မန်းနီ စသည့်ပစ္စည်းများအား ဈေးကွက်နမူနာကောက်ယူ၍ (Mobile Lab Ven) ဖြင့် ဓါတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီး အစားအ‌သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)