ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၁၀၃)စုအား တတိယအကြိမ် ၂၀၀၀၀/-ကျပ်နှုန်းထောက်ပံ့ငွေပေးအပ်

ကော့ကရိတ်     စက်တင်ဘာ     ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု နောက်တိုးများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ ယမန်နေ့ နံနက်()နာရီ အချိန်တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုနောက်တိုးစာရင်းများအား တတိယအကြိမ် ၂၀၀၀၀/-ကျပ်စီနှုန်းဖြင့် ကော့ကရိတ်မြို့နယ် အတွင်း အိမ်ထောင်စုဝင်ပေါင်း (၄၁၀၃)စုအား ထောက်ပံ့ငွေပေါင်း (၈၂၀၆၀၀၀၀/-)ကျပ်အား ထောက်ပံ့       ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကရင်ပြည်နယ်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ  ဒေါ်နန်းသူဇာဝင်း၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုတို့က ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇင်မာအေး